ပေါလု/၏ တတိယမြောက် သာသနာပြု/ခရီးစဉ်
19
အာပေါလု/သည် ကောရိန္သုမြို့/၌ ရှိနေ/စဉ် ပေါလု/သည် ကုန်းတွင်းပိုင်း/မြို့များ/ကို ဖြတ်၍ ဧဖက်မြို့/သို့ ရောက်လာ၏။ ထို/မြို့/၌ တပည့်တော်/တချို့/ကို တွေ့/လျှင် 2 ပေါလု/က “သင်တို့/သည် ယုံကြည်သူများ ဖြစ်လာကြ/သောအခါ သန့်ရှင်းသော/ဝိညာဉ်တော်/ကို လက်ခံ/ရရှိကြသလော” ဟု မေး၏။ထို/သူတို့/က “မရကြပါ။ သန့်ရှင်းသော/ဝိညာဉ်တော်/ဟူ၍ ရှိသည်/ကိုပင် ကျွန်ုပ်တို့/မကြားဖူးသေးပါ” ဟု ပြန်ဖြေကြ၏။
3 ပေါလု/ကလည်း “ထိုသို့/ဖြစ်လျှင် မည်သည့်/နှစ်ခြင်းမင်္ဂလာ/ကို သင်တို့/ခံယူကြသနည်း” ဟု မေး/လျှင် သူတို့/က “ယောဟန်/ပေးသော နှစ်ခြင်းမင်္ဂလာ ဖြစ်ပါသည်” ဟု ဖြေကြ၏။
4 ပေါလု/က “ယောဟန်/သည် နောင်တ/နှင့် သက်ဆိုင်သော နှစ်ခြင်းမင်္ဂလာ/ကို ပေး/လျက် သူ့/နောက် ကြွလာမည့်/သူ/ကို ယုံကြည်/ရမည်/ဟု လူတို့/အား သွန်သင်လေ၏။ ထိုသို့/ဆိုရာ/၌ ယေရှု/ကို ဆိုလိုသည်” ဟု ပြောလေ၏။
5 ဤ/အကြောင်းအရာ/ကို ကြား/လျှင် သူတို့/သည် သခင်/ယေရှု/၏/အမည်/နာမ/၌ နှစ်ခြင်းမင်္ဂလာ/ခံယူကြ၏။ 6 ပေါလု/သည် သူတို့/အပေါ် လက်/ကို/တင်/သောအခါ သန့်ရှင်းသော/ဝိညာဉ်တော် သက်ရောက်/သဖြင့် သူတို့/သည် အမျိုးမျိုးသော/ဘာသာစကားများ/ကို ပြော/လျက် ပရောဖက်ပြုကြ၏။ 7 သူတို့/သည် စုစုပေါင်း/ဆယ့်နှစ်ယောက်/ခန့် ရှိကြ၏။
ဧဖက်မြို့/တွင် ပေါလု/သာသနာပြုခြင်း
8 ပေါလု/သည် သုံးလ/တိုင်တိုင် ဂျူးဝတ်ပြုဆောင်/တွင် ရဲရင့်စွာ/ဟောပြော/လျက် ဘုရားသခင်/၏/နိုင်ငံတော်/အကြောင်း/ကို ဆွေးနွေးဖလှယ်/ကာ ယုံကြည်လာစေ/ရန် ကြိုးစားအားထုတ်/လျက်/နေ၏။ 9 သို့သော် တချို့/သည် ယုံကြည်/ရန် ခေါင်းမာ/စွာ ငြင်းဆို/လျက် လူတို့/ရှေ့တွင် ထို/ခရစ်တော်a/၏/တရားလမ်းb/ကို ကဲ့ရဲ့/ပြောဆိုကြ၏။ ထို့ကြောင့် ပေါလု/သည် တပည့်တော်များ/နှင့်အတူ ထို/သူတို့/ထံမှ ထွက်ခွာပြီးလျှင် တုရန္နု/စာသင်ခန်းမ/၌ နေ့စဉ် ဆွေးနွေး/ပြောဆိုလေ၏။ 10 ထိုသို့ နှစ်နှစ်/တိုင်တိုင် ဆွေးနွေး/ပြောဆို/ရာ အာရှပြည်/တွင် နေထိုင်ကြသော ဂျူးလူမျိုး/နှင့် ဂရိလူမျိုးများ/အားလုံးတို့/သည် သခင်ဘုရား/၏/နှုတ်ကပတ်/တရားတော်/ကို ကြားနာကြရ၏။
11 ဘုရားသခင်/သည် ပေါလု/လက်/အားဖြင့် အလွန်/ထူးကဲသော အံ့ဖွယ်တန်ခိုးများ/ကို လုပ်ဆောင်/ပြသတော်မူ၏။ 12 ပေါလု/သုံးသော လက်ကိုင်ပဝါ၊ သို့မဟုတ် ခါးစည်းအဝတ်/ကို ဖျားနာသူများ/အပေါ် တင်/သောအခါ သူတို့/၏/အနာရောဂါများ ပျောက်ကင်းကြ၏။ နတ်ဆိုးများ/လည်း ထွက်သွားကြကုန်၏။
13 နေရာဒေသ/အသီးသီး/သို့ လှည့်လည်/နေကြသော ဂျူး/ပယောဂဆရာ/တချို့/သည် သခင်/ယေရှု/၏/အမည်/နာမ/ကို စွဲကိုင်/လျက် နတ်ဆိုးများ/ကို နှင်ထုတ်/ရန် ကြိုးပမ်းကြ၏။ ထိုသို့ ကြိုးပမ်း/ရာတွင် သူတို့/က “ပေါလု/ဟောပြော/နေသော ယေရှု/၏/အမည်/နာမ/၌ သင့်/ကို ထွက်လာ/ရန် အမိန့်ပေး၏” ဟု ပြောကြ၏။ 14 ထိုသို့/ပြုကြသူများ/မှာ ဂျူး/ယဇ်ပုရောဟိတ်မင်း သကေဝ/၏/သား/ခုနစ်ယောက်/တို့ ဖြစ်ကြ၏။ 15 သို့ရာတွင် နတ်ဆိုး/က “ယေရှု/ကို ငါ/သိ၏။ ပေါလု/ကို/လည်း ငါ/သိ၏။ သို့သော် သင်တို့/မှာ မည်သူတို့နည်း” ဟု တုံ့ပြန်ပြောဆိုလေ၏။ 16 နတ်ဆိုး/ပူးဝင်ခြင်း/ခံနေရသူ/သည် ထို/သူတို့/အပေါ် ခုန်အုပ်/၍ တိုက်ခိုက်/အနိုင်ယူ/သဖြင့် သူတို့/သည် ထိခိုက်ဒဏ်ရာရ/လျက် အဝတ်ဗလာ/နှင့် ထို/အိမ်/မှ ထွက်ပြေးရ၏။
17 ဤ/သတင်း/ကို ဧဖက်မြို့/တွင် နေထိုင်ကြသော ဂျူးလူမျိုးများ/နှင့် ဂရိလူမျိုးများ ကြားသိ/သောအခါ သူတို့/သည် ကြောက်ရွံ့/၍ သခင်/ယေရှု/၏/အမည်/နာမ/ကို ချီးမွမ်းကြ၏။ 18 ယုံကြည်သော/သူတို့/သည်လည်း လာ/၍ သူတို့/ပြုလုပ်ခဲ့သော အရာများ/ကို လူ/အများ/ရှေ့/တွင် ဖော်ပြ/ကာ ဝန်ခံကြ၏။ 19 စုန်းအတတ်ပညာ/ကို ကျင့်သုံး/သော/သူ/များစွာတို့/သည် သူတို့/၏/ဂါထာစာအုပ်များ/ကို သယ်ယူလာပြီး/လျှင် လူ/အများ/ရှေ့တွင် မီးရှို့ကြ၏။ ထို/စာအုပ်များ/၏/တန်ဖိုး/ကို တွက်ချက်/သောအခါ ငွေဒင်္ဂါး/ငါးသောင်းc/ဖိုး/ရှိကြောင်း တွေ့ရှိကြ၏။ 20 ထိုသို့ဖြင့် သခင်ဘုရား/၏/နှုတ်ကပတ်/တရားတော်/သည် တန်ခိုး/အာဏာတော်/နှင့်/ကြီးထွား/၍ ပျံ့နှံ့လွှမ်းမိုးလေ၏။
21 ဤအရာများ ဖြစ်ပျက်/ပြီးနောက် ပေါလု/သည် ဝိညာဉ်တော်/အားဖြင့် မာကေဒေါနိပြည်/နှင့် အခါယပြည်/တစ်လျှောက်/သွား/ပြီးလျှင် ဂျေရုဆလင်မြို့/သို့ သွား/ရန် ဆုံးဖြတ်၏။ ထို့နောက် ပေါလု/က “ထို/မြို့/သို့/သွားပြီး/လျှင် ငါ/သည် ရောမမြို့/သို့/လည်း သွားရမည်” ဟု ပြောလေ၏။ 22 သူ/သည် မိမိ/အား ကူညီဆောင်ရွက်ပေးသူ တိမောသေ/နှင့် ဧရတ္တု/ကို မာကေဒေါနိပြည်/သို့ စေလွှတ်/၍ အာရှပြည်/၌ ကာလ/အနည်းငယ်/ဆက်နေလေ၏။
ဧဖက်မြို့/ရုန်းရင်းဆန်ခတ်/ဖြစ်ခြင်း
23 ထို/အချိန်/တွင် ခရစ်တော်/၏/တရားလမ်း/နှင့်/ပတ်သက်/၍ ကြီးမားသော ဆူပူလှုပ်ရှားမှု/တစ်ရပ် ပေါ်ပေါက်လာ၏။ 24 ဒေမေတရိ/ဟု ခေါ်သော ငွေပန်းထိမ်/ဆရာ/တစ်ယောက်/သည် အာတေမိ/နတ်ဘုရားမ/၏/ငွေဗိမာန်ငယ်များ/ကို ထုလုပ်/၍ ပန်းထိမ်/လုပ်သားများ/အတွက် များစွာ/စီးပွား/ဖြစ်ထွန်းစေသော/သူ ဖြစ်၏။ 25 သူ/သည် ထို/လုပ်သားတို့/နှင့်တကွ အလားတူ/လုပ်ငန်း/ကို/လုပ်သော အလုပ်သမားများ/ကို စုဝေးစေပြီး/လျှင် “လုပ်ဖော်ကိုင်ဖက်/တို့… ဤ/လုပ်ငန်း/အားဖြင့် ကျွန်ုပ်တို့/၏/စီးပွား/ဖြစ်ထွန်းခဲ့သည်/ကို သင်တို့/သိကြ၏။ 26 သို့သော် ဧဖက်မြို့/သာမက အာရှပြည်/တစ်ပြည်လုံး/တွင်/ရှိသော/သူတို့/အား ဤ/ပေါလု/ဆိုသူ/က လူ့/လက်/ဖြင့် ထုလုပ်သော/ဘုရားများ/သည် ဘုရား/လုံးဝ/မဟုတ်ကြောင်း ဖြားယောင်း/သွေးဆောင်/၍ လမ်းလွဲ/စေလျက်/ရှိသည်/ကို သင်တို့/လည်း မြင်ကြ/ကြားကြ/ရပြီ။ 27 ဤသို့ဖြင့် ကျွန်ုပ်တို့/၏/စီးပွား/လုပ်ငန်း/သည် နာမည်ပျက်/နိုင်ချေ/ရှိမည်။ ထိုမျှ/မက ကြီးမြတ်သော/အာတေမိ/နတ်ဘုရားမ/၏/ဗိမာန်ကျောင်း/ကို ဂရု/မပြုတော့ဘဲ အာရှပြည်/တစ်ပြည်လုံး/နှင့် ကမ္ဘာ/တစ်ဝန်းလုံးရှိ/သူများ ယုံကြည်ကိုးကွယ်သော ထို/နတ်ဘုရားမ/၏/ထည်ဝါမှု/ပင် ကျဆင်း/နိုင်ချေ/ရှိမည်/ကိုလည်း စိုးရိမ်ဖွယ်/ရှိပါသည်” ဟု ပြောလေ၏။
28 ထို/စကား/ကို/ကြား/လျှင် သူတို့/သည် ဒေါသထွက်/လျက် “ဧဖက်မြို့/၏/အာတေမိ/နတ်ဘုရားမ/သည် ကြီးမြတ်၏” ဟု ဟစ်အော်ကြလေ၏။ 29 တစ်မြို့လုံး/ဝရုန်းသုန်းကား/ဖြစ်/လျက် လူတို့/သည် ပေါလု/၏/ခရီးသွားဖော်များ/ဖြစ်ကြသော မာကေဒေါနိပြည်သား ဂါယု/နှင့် အာရိတ္တာခု/တို့/ကို ဖမ်းဆီး/ပြီး/လျှင် ဇာတ်ရုံ/ထဲသို့ တစ်ဟုန်ထိုး/ပြေးဝင်သွားကြ၏။ 30 ပေါလု/သည် လူအုပ်/ထံ သွား/၍ ရင်ဆိုင်/လို/သော်လည်း တပည့်များ/က တားဆီးကြ၏။ 31 ပေါလု/၏/မိတ်ဆွေများ ဖြစ်ကြသော အာရှပြည်/၏/အရာရှိ/တချို့/ကလည်း ထို/ဇာတ်ရုံ/ထဲသို့ စွန့်စား/၍ မဝင်/ရန် တောင်းပန်ကြ၏။
32 ထို/အချိန်/၌ လူ/အစုအဝေးတို့/သည် ရှုပ်ထွေးကြကုန်/၍ တစ်ယောက်/တစ်မျိုး ဟစ်အော်/လျက်/နေကြ၏။ လူ/အများစု/သည် မည်သည့်/အကြောင်း/ကြောင့် မိမိတို့/အတူတကွ/စုဝေးနေသည်/ကိုပင် မသိကြ။ 33 လူအုပ်/ထဲမှ တချို့/သည် အလက်ဇန်းဒါး/ကို လမ်းညွှန်/လျက် ဂျူးတို့/သည် သူ့/အား လူများ/ရှေ့/သို့/ထွက်စေ/သဖြင့် အလက်ဇန်းဒါး/က ငြိမ်သက်/ရန်/လက်ရိပ်ပြ/၍ လူ/အစုအဝေး/ကို ခုခံကာကွယ်/ပြောဆို/ရန် ကြိုးစားလေ၏။ 34 သို့သော် သူ/သည် ဂျူးလူမျိုး/ဖြစ်သည်/ကို လူအစုအဝေး/တို့/က သတိပြုမိလာကြ/သောအခါ “ဧဖက်မြို့/၏/အာတေမိ/နတ်ဘုရားမ/သည် ကြီးမြတ်၏” ဟု နှစ်နာရီ/ခန့်မျှ တစ်သံတည်း/ဖြင့် ကြွေးကြော်ကြ၏။
35 သို့သော် မြို့စာရေး/သည် လူထု/ကို တိတ်ဆိတ်စေ/ပြီးနောက် “ဧဖက်မြို့သား/အပေါင်းတို့… ဧဖက်မြို့/သည် ကြီးမြတ်သော အာတေမိ/နတ်ဘုရားမ/၏/ဗိမာန်/နှင့် ကောင်းကင်/မှ/ကျသော ဆင်းတုတော်/၏/ကာကွယ်ရာ/နေရာ/ဖြစ်ကြောင်း/ကို မသိသေးသော/သူ တစ်စုံတစ်ဦး/ရှိသလော။ 36 ဤ/အကြောင်းအရာများ/သည် မငြင်းဆန်နိုင်သော/အရာများ ဖြစ်/သောကြောင့် သင်တို့/သည် တိတ်ဆိတ်/စွာ/နေ/၍ မဆင်မခြင်/မပြုသင့်ပါ။ 37 ဤ/နေရာ/သို့ သင်တို့ ခေါ်ဆောင်လာသော/သူများ/သည် ဗိမာန်တော်/ထဲသို့ ဝင်၍ လုယက်/သူများ/မဟုတ်/သကဲ့သို့ ကျွန်ုပ်တို့/နတ်ဘုရားမ/၏/ဂုဏ်အသရေ/ကို ရှုတ်ချသူများ/လည်း/မဟုတ်ကြပါ။
38 ဒေမေတရိ/နှင့် အပေါင်းပါ/ပန်းထိမ်/လုပ်သားတို့/သည် တစ်စုံတစ်ယောက်/ကို တရားစွဲဆို/ရန် ရှိ/လျှင် သူတို့/ကို စွဲချက်တင်/ရန် တရားရုံးများ/နှင့် မြို့ဝန်မင်းများ/သည် အသင့်/ရှိကြပါ၏။ သူတို့/အား ရုံးတော်/တွင်သာ တရားဥပဒေ/အတိုင်း ဆောင်ရွက်စေလော့။ 39 သို့ရာတွင် သင်တို့/၌ အခြား/အမှုကိစ္စများ တောင်းဆို/ရန် ရှိ/ပါက/လည်း တရားဝင်/အစည်းအဝေးများ/၌ ဆောင်ရွက်ပါ/လိမ့်မည်။ 40 ယနေ့/ဖြစ်ခဲ့သော ရုန်းရင်းဆန်ခတ်/ပြုခြင်း/အမှုကြောင့် ကျွန်ုပ်တို့/သည် စွပ်စွဲခံရမည်/ကို စိုးရိမ်စရာ/ရှိ၏။ ခိုင်လုံသော/အကြောင်းပြချက် တစ်စုံတစ်ရာ/မျှ မရှိ/သောကြောင့် ဤသို့/ဆူပူအုံကြွခြင်း/အမှု/အတွက်/လည်း ဖြေရှင်းချက် ပေးနိုင်မည်/မဟုတ်ပါ” ဟု ပြောဆိုလေ၏။ 41 ထိုသို့/ပြောဆို/ပြီးနောက် သူ/သည် လူအစုအဝေး/ကို ပြန်လွှတ်လိုက်၏။